အသည်းရောင်အသားဝါ A ကို ဖြစ်စေနိုင်တဲ့အရာတွေက ဘာတွေဖြစ်မလဲ
အသည်းရောင် အသားဝါ အေက အသည်းရောင် အသားဝါ အေ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ရောဂါပိုးရှိသူရဲ့ အညစ်အကြေးတွေကနေတဆင့် ကူးစက်ပါတယ်။
ရေဆိုးနုတ်စနစ် ကောင်းကောင်းမရှိတဲ့ ဒေသတွေမှာ အဖြစ်များပါတယ်။ အသည်းရောင်ရောဂါ တစ်မျိုးဖြစ်ပြီး အရမ်းမပြင်းထန်ရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။
အသည်းရောင်အသားဝါ အေ ကို ဖြစ်စေနိုင်တဲ့ အချက်တွေ
ဒီအခြေအနေတွေကြောင့် အသည်းရောင် အသားဝါ အေ ရောဂါ ကူးစက်ခံရနိုင်ပါတယ်။
· ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ပြီးချိန်မှာ လက်ကို သေချာ မဆေးကြောတာ
· မသန့်ရှင်းတဲ့ ရေခဲ နဲ့ သောက်သုံးရေတွေကို သောက်မိတာ
· သေချာ ကျက်အောင် မချက်ထားတာတွေကို စားမိတာ
· အသား၊ ငါး၊ ပင်လယ်စာ စတာတွေကို အစိမ်းစားတာ
· ရောဂါပိုး ရှိသူနဲ့ နီးနီးကပ်ကပ် ထိတွေ့မိတာ
· ရောဂါပိုးရှိသူနဲ့ ကိုယ်လက်နှီးနှောမိတာ ( ရောဂါပိုးရှိသူရဲ့ စအိုကို လက်ချောင်း၊ ပါးစပ်၊ လျှာတို့နဲ့ ထိတွေ့မိတာမျိုးကြောင့်လည်း ကူးစက်နိုင်ပါတယ်)
· ရောဂါပိုးရှိသူနဲ့ ဆေးထိုးအပ်၊ ဆေးထိုးပိုက်တွေ မျှဝေ သုံးစွဲတာ
အသည်းရောင် အသားဝါ အေပိုးက ရောဂါလက္ခဏာမပြခင် ၂ ပတ် အလိုကနေစပြီး လက္ခဏာပြပြီးချိန် ၁ ပတ်တာအတွင်းမှာ ကူးစက်နိုင်ခြေ အမြင့်ဆုံးပါ။
ဘယ်သူတွေက အသည်းရောင် အသားဝါ အေ ကူးစက်နိုင်ခြေ အမြင့်ဆုံးလဲ
ဒီအနေအထားရှိသူတွေ အသည်းရောင် အသားဝါ အေ ကူးစက်နိုင်ခြေ အမြင့်ဆုံးပါ။
· ရောဂါပိုးရှိသူနဲ့ အနီးကပ် ထိတွေ့နေတဲ့သူတွေ
· လိင်တူချင်း နှစ်သက်တဲ့ အမျိုးသားတွေ
· မူးယစ်ဆေး သုံးစွဲသူတွေ
· အလုပ်ခွင်အနေအထားအရ ရောဂါပိုး ထိတွေ့နိုင်ခြေ များနေသူတွေပါ။
ဘယ်လိုလက္ခဏာတွေ ရှိလဲ
အသည်းရောင် အသားဝါ အေပိုး ကူးစက်ခံရတဲ့အခါ ရောဂါပိုး ကူးစက်ခံရပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ လက္ခဏာတွေ ပြတတ်ပါတယ်။ အတွေ့ရများတဲ့
· ပုံမှန်မဟုတ်ဘဲ ပင်ပန်းနေတာ
· အားနည်းနေတာ
· ခဏခဏ အန်တာ
· အမြဲလိုလို မအီမသာဖြစ်တာ
· ဝမ်းပျက်ဝမ်းလျှော ခဏခဏ ဖြစ်တာ
· ဗိုက်ထဲက အောင့်တာ (ဝမ်းဗိုက် ညာဘက် အထက်နား နံရိုးအောက်ဘက်က နာကျင်တာပါ။ အသည်းအထက်ပိုင်းနားပေါ့)
· ဝမ်းမည်းမည်းတွေ သွားတာ
· အစားအစာချင်စိတ် မရှိဖြစ်တာ
· ဆီးတွေ မည်းတာ
· အဆစ်တွေ နာတာ
· အသားတွေ ယားတာ
· အရေပြားနဲ့ မျက်ဖြူသားတွေ ဝါတာပါ။
ဒီလက္ခဏာတွေက ရက်သတ္တပတ် အနည်းငယ်အကြာမှာ ပျောက်သွားနိုင်ပါတယ်။ လအတော်ကြာအထိတော့ အသည်းရောင် အသားဝါ အေကို ခံစားရနိုင်ပါတယ်။
ရေးသားသူ - မွန်မွန်